ကျွန်တော်တို့ရဲ့ .NET Application နဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် SQL Server Management Studio (SSMS) ကိုအသုံးပြုပြီး Database နဲ့ Table တစ်ခုကို ဘယ်လို ဆောက်ရမယ်ဆိုတာကို ရေးပြပါမယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ .NET 8 Console Application မှာ Microsoft.Data.SqlClient ကိုအသုံးပြုပြီး ချိတ်ဆက်ပုံကိုပါ ဆက်ပြီး ရေးပြပါမယ်ဗျ။
ပထမဆုံးအနေနဲ့ SSMS ကိုဖွင့်ပြီး ကျွန်တော်တို့ရဲ့ SQL Server ကို Login ဝင်ဖို့ လိုအပ်ပါတယ်။ SSMS ကိုဖွင့်လိုက်ရင် Connect to Server window ပေါ်လာမှာပါ။ အဲဒီမှာ Server type မှာ Database Engine ကိုရွေးချယ်ပြီး Server name မှာ ကိုယ့်ရဲ့ SQL Server နာမည်ကို ရိုက်ထည့်ပါမယ်။ Login ဝင်တဲ့အခါမှာ အဆင်ပြေစေဖို့ Authentication ကို SQL Server Authentication ကိုရွေးချယ်ပြီး User ID နဲ့ Password ကိုထည့်ပြီး Connect button ကိုနှိပ်ပါမယ်။
Login ဝင်ပြီးပြီဆိုရင် ကျွန်တော်တို့ရဲ့ Application အတွက် သီးသန့် Database အသစ်တစ်ခုကို ဆောက်ပါမယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ Database နာမည်ကို SLHDotNetTrainingInPersonBatch0 လို့ပေးပါမယ်။ Object Explorer window မှာ Databases Folderပေါ်မှာ Right-click နှိပ်ပြီး New Database... ကိုရွေးချယ်ပါမယ်။ Database name field မှာ SLHDotNetTrainingInPersonBatch0 လို့ ရိုက်ထည့်ပြီး OK button ကိုနှိပ်လိုက်ရင် ရပါပြီ။
Database ဆောက်ပြီးပြီဆိုရင် အခုကျွန်တော်တို့ လိုအပ်တဲ့ Table ကို ဆက်ပြီး ဆောက်ပါမယ်။ Object Explorer မှာ ခုနက ဆောက်ထားတဲ့ SLHDotNetTrainingInPersonBatch0 Database ရဲ့ အောက်မှာရှိတဲ့ Tables Folderပေါ်မှာ Right-click နှိပ်ပြီး New > Table... ကိုရွေးချယ်ပါမယ်။ အောက်မှာပေးထားတဲ့ code တွေကို Query window ထဲမှာ ရိုက်ထည့်ပြီး Run လိုက်လို့ရပါတယ်၊ ဒါမှမဟုတ် SSMS ရဲ့ Table Designer ကို အသုံးပြုပြီးလည်း ရေးပြပါမယ်။
CREATE TABLE [dbo].[Tbl_Student](
[StudentId] [int] IDENTITY(1,1) NOT NULL,
[StudentNo] [varchar](10) NOT NULL,
[StudentName] [varchar](50) NOT NULL,
[FatherName] [nvarchar](50) NOT NULL,
[DateOfBirth] [datetime] NOT NULL,
[Gender] [varchar](10) NOT NULL,
[Address] [varchar](250) NOT NULL,
[MobileNo] [varchar](50) NOT NULL,
[DeleteFlag] [bit] NOT NULL,
CONSTRAINT [PK_Tbl_Student] PRIMARY KEY CLUSTERED
(
[StudentId] ASC
)WITH (PAD_INDEX = OFF, STATISTICS_NORECOMPUTE = OFF, IGNORE_DUP_KEY = OFF, ALLOW_ROW_LOCKS = ON, ALLOW_PAGE_LOCKS = ON, OPTIMIZE_FOR_SEQUENTIAL_KEY = OFF) ON [PRIMARY]
) ON [PRIMARY]
GOအပေါ်က code တွေက Tbl_Student ဆိုတဲ့ Table ကို Columns တွေနဲ့ Primary Key ကိုသတ်မှတ်ပေးထားတာပါ။ ဒီ code တွေကို New Query window မှာ run ပြီး Table ကို ဆောက်နိုင်ပါတယ်။
EF Core ရဲ့ Database-First ချဉ်းကပ်မှုကို အသုံးပြုပြီး ကျွန်တော်တို့ရဲ့ Database ထဲမှာရှိတဲ့ Table တွေအတိုင်း Model Class တွေနဲ့ DbContext ကို Auto-generate လုပ်ပါမယ်။ ဒီအဆင့်တွေကို မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့အတွက် အောက်ပါအတိုင်း ပြင်ဆင်ဖို့လိုအပ်ပါတယ်ဗျ။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ Terminal ကနေ EF Core command တွေကို run နိုင်ဖို့ dotnet-ef tool ကို install လုပ်ဖို့လိုအပ်ပါတယ်။
Terminal သို့မဟုတ် Command Prompt ကိုဖွင့်ပြီး အောက်ပါ command ကို run ပါမယ်။
dotnet tool install --global dotnet-efပြီးရင် EF Core အတွက် လိုအပ်တဲ့ NuGet Package တွေကို ကျွန်တော်တို့ရဲ့ Project ထဲမှာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။
- Solution Explorer မှာ ကျွန်တော်တို့ရဲ့ Project ကို right-click ပြီး Manage NuGet Packages ကိုရွေးချယ်ပါ။
- Browse tab မှာ အောက်ပါ package တွေကို တစ်ခုချင်းစီ ရှာပြီး Install လုပ်ပါမယ်။
Microsoft.EntityFrameworkCoreMicrosoft.EntityFrameworkCore.SqlServerMicrosoft.EntityFrameworkCore.DesignMicrosoft.EntityFrameworkCore.Tools
Package တွေအားလုံး ထည့်သွင်းပြီးပြီဆိုရင် အရေးကြီးဆုံးအဆင့်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ Solution ကို Build လုပ်ဖို့ပါပဲ။ ဒီလို Build လုပ်ပေးလိုက်မှ EF Core tool တွေက ကျွန်တော်တို့ ထည့်သွင်းထားတဲ့ Microsoft.EntityFrameworkCore.Design package ကို မှန်မှန်ကန်ကန် ရှာတွေ့မှာဖြစ်ပြီး scaffolding command run တဲ့အခါမှာ error မတက်တော့မှာ ဖြစ်ပါတယ်။
Solution Explorer မှာ Solution ကို right-click နှိပ်ပြီး Build Solution ကို ရွေးချယ်နိုင်ပါတယ်ဗျ။
အခု ကျွန်တော်တို့ရဲ့ Project က အဆင်သင့်ဖြစ်ပြီဆိုတော့ Database schema ကိုဖတ်ပြီး C# class တွေ generate လုပ်ဖို့အတွက် scaffolding command ကို run နိုင်ပါပြီ။
Terminal မှာ အောက်ပါ dotnet ef command ကို အသုံးပြုနိုင်ပါတယ်:
dotnet ef dbcontext scaffold "Server=.;Database=SLHDotNetTrainingInPersonBatch0;User ID=sa;Password=sasa@123;TrustServerCertificate=True;" Microsoft.EntityFrameworkCore.SqlServer -o DataAccess -c AppDbContext -fVisual Studio ရဲ့ Package Manager Console ကို အသုံးပြုမယ်ဆိုရင်တော့ အောက်ပါ command ကို run ပါမယ်:
PowerShell
scaffold-dbcontext "Server=.;Database=SLHDotNetTrainingInPersonBatch0;User ID=sa;Password=sasa@123;TrustServerCertificate=True;" Microsoft.EntityFrameworkCore.SqlServer -o DataAccess -c AppDbContext -fဒီ command ကို run ပြီးရင် ကျွန်တော်တို့ရဲ့ Project ထဲမှာ DataAccess ဆိုတဲ့ Folder အသစ်တစ်ခုကို ဆောက်ပေးပါမယ်။ အဲ့ဒီ Folder ထဲမှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ AppDbContext class နဲ့ Database table တွေအားလုံးအတွက် Model class တွေကို generate လုပ်ပြီး ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
အခု ကျွန်တော်တို့ generate လုပ်ထားတဲ့ AppDbContext ကို အသုံးပြုပြီး Database နဲ့ CRUD (Create, Read, Update, Delete) လုပ်ငန်းစဥ်တွေလုပ်ဆောင်ဖို့ Service class တစ်ခုကို ရေးပြပါမယ်။
using SLHDotNetTrainingInPersonBatch0.ConsoleApp.DataAccess;
using System;
using System.Linq;
namespace SLHDotNetTrainingInPersonBatch0.ConsoleApp
{
public class EfCoreCrudService
{
// Read all data from the database
public void Read()
{
using var context = new AppDbContext();
Console.WriteLine("--- Reading data using EF Core ---");
var students = context.TblStudents.Where(x => x.DeleteFlag == 0).ToList();
if (!students.Any())
{
Console.WriteLine("No students found.");
return;
}
foreach (var student in students)
{
Console.WriteLine($"ID: {student.StudentId}, No: {student.StudentNo}, Name: {student.StudentName}");
}
}
// Edit data by ID
public void Edit(int studentId)
{
using var context = new AppDbContext();
var student = context.TblStudents
.FirstOrDefault(s => s.StudentId == studentId && s.DeleteFlag == 0);
if (student is null)
{
Console.WriteLine($"Student with ID {studentId} not found.");
return;
}
Console.WriteLine("--- Editing Student ---");
Console.WriteLine($"ID: {student.StudentId}");
Console.WriteLine($"Student No: {student.StudentNo}");
Console.WriteLine($"Student Name: {student.StudentName}");
Console.WriteLine("-----------------------");
}
// Create new data
public void Create(string studentNo, string studentName, string fatherName, DateTime dateOfBirth, string gender, string address, string mobileNo)
{
using var context = new AppDbContext();
var student = new TblStudent
{
StudentNo = studentNo,
StudentName = studentName,
FatherName = fatherName,
DateOfBirth = dateOfBirth,
Gender = gender,
Address = address,
MobileNo = mobileNo,
DeleteFlag = 0
};
context.TblStudents.Add(student);
int result = context.SaveChanges();
string message = result > 0 ? "Saving Successful." : "Saving Failed.";
Console.WriteLine(message);
}
// Update data by ID
public void Update(int studentId, string studentName, string address)
{
using var context = new AppDbContext();
var student = context.TblStudents
.FirstOrDefault(s => s.StudentId == studentId && s.DeleteFlag == 0);
if (student is null)
{
Console.WriteLine($"Student with ID {studentId} not found for updating.");
return;
}
student.StudentName = studentName;
student.Address = address;
int result = context.SaveChanges();
string message = result > 0 ? "Updating Successful." : "Updating Failed.";
Console.WriteLine(message);
}
// Delete data by ID (Soft Delete)
public void Delete(int studentId)
{
using var context = new AppDbContext();
var student = context.TblStudents.FirstOrDefault(s => s.StudentId == studentId);
if (student is null)
{
Console.WriteLine($"Student with ID {studentId} not found for deleting.");
return;
}
student.DeleteFlag = 1; // Set the flag to 1 for soft delete
int result = context.SaveChanges();
string message = result > 0 ? "Deleting Successful." : "Deleting Failed.";
Console.WriteLine(message);
}
}
}အခု ကျွန်တော်တို့ရဲ့ Program.cs မှာ အသစ်ဆောက်ထားတဲ့ EfCoreService ကို ခေါ်သုံးပါမယ်။
using System;
namespace SLHDotNetTrainingInPersonBatch0.ConsoleApp
{
class Program
{
static void Main(string[] args)
{
var service = new EfCoreCrudService();
// 1. Read all students at the beginning
Console.WriteLine("--- Reading all students initially ---");
service.Read();
Console.WriteLine("----------------------------------\n");
// 2. Create a new student
Console.WriteLine("--- Creating a new student ---");
service.Create(
"S11223",
"Kyaw Kyaw",
"U Mya",
new DateTime(2002, 5, 20),
"M",
"Yangon",
"09111222333"
);
service.Read(); // Read again to show the new student
Console.WriteLine("------------------------------\n");
// 3. Edit a specific student's data
// Note: Please use an ID that actually exists in your database.
int studentIdToEdit = 11;
Console.WriteLine($"--- Fetching student with ID {studentIdToEdit} for editing ---");
service.Edit(studentIdToEdit);
Console.WriteLine("-----------------------------------------------------------\n");
// 4. Update that student's data
Console.WriteLine($"--- Updating student with ID {studentIdToEdit} ---");
service.Update(studentIdToEdit, "Kyaw Kyaw Oo", "Mandalay");
service.Read(); // Read again to show the updated data
Console.WriteLine("------------------------------------------\n");
// 5. Delete that student
Console.WriteLine($"--- Deleting student with ID {studentIdToEdit} ---");
service.Delete(studentIdToEdit);
service.Read(); // Read again, the student should be gone (soft-deleted)
Console.WriteLine("------------------------------------------\n");
Console.ReadLine();
}
}
}ကျွန်တော်တို့ ဒီဥပမာမှာ Microsoft.EntityFrameworkCore.SqlServer ကို အသုံးပြုပြီး SQL Server နဲ့ ချိတ်ဆက်ခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့က MySQL, PostgreSQL, SQLite လိုမျိုး တခြား Database တွေကို သုံးချင်တယ်ဆိုရင် သက်ဆိုင်ရာ Database Provider package ကို Microsoft.EntityFrameworkCore.SqlServer အစား ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်ဗျ။
ဥပမာ PostgreSQL ကိုသုံးချင်ရင် Npgsql.EntityFrameworkCore.PostgreSQL package ကို install လုပ်ရမှာဖြစ်ပါတယ်။ Provider အမျိုးမျိုးအကြောင်းကို ဒီ link မှာ အသေးစိတ်လေ့လာနိုင်ပါတယ်: https://learn.microsoft.com/en-us/ef/core/providers/
ကျွန်တော်တို့ရဲ့ Project တွေမှာ EF Core ကို Database-First ချဉ်းကပ်မှုနဲ့ အသုံးပြုတဲ့အခါ Database နဲ့ သက်ဆိုင်တဲ့ Code တွေကို သီးသန့် Class Library တစ်ခုအနေနဲ့ ဘာကြောင့်ခွဲထုတ်သင့်သလဲဆိုတာကို အသေးစိတ်ရှင်းပြပါမယ်။ ဒီလိုခွဲထုတ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ Project ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းနိုင်ပြီး နောက်ပိုင်းတွေမှာ Feature အသစ်တွေထပ်ထည့်တဲ့အခါ အလွန်အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Database ဟာ အမြဲတမ်းပြောင်းလဲနေနိုင်ပါတယ်။ Column အသစ်တွေထပ်တိုးတာ၊ Table တွေထပ်ထည့်တာမျိုးတွေ လုပ်ရလေ့ရှိပါတယ်။ အဲ့ဒီအခါတိုင်းမှာ ကျွန်တော်တို့ဟာ EF Core ရဲ့ scaffolding command ကို ပြန်ပြီး run ပေးရပါတယ်။ ပြဿနာကတော့ EF Core ကနေ auto-generate လုပ်ပေးထားတဲ့ DbContext class တွေ၊ Model class တွေနဲ့ ကျွန်တော်တို့ရေးထားတဲ့ business logic တွေ၊ service တွေက Project တစ်ခုတည်းမှာ အတူတူရှိနေတာကြောင့်ဖြစ်ပါတယ်။ Scaffolding command ကို ပြန် run လိုက်တဲ့အခါ EF Core က ရှိပြီးသား auto-generated file တွေကို အသစ်ပြန်ရေး overwrite လုပ်ပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ကိုယ်တိုင် custom ရေးထည့်ထားတဲ့ code တွေ၊ method တွေ ထဲမှာ EFCore နဲ့ ပတ်သက်တဲ့ auto-generate လုပ်ပေးထားတဲ့ Code တွေကို ယူသုံးခဲ့သည်ရှိသော် ဒါမှမဟုတ် အရင်ကရှိခဲ့တဲ့ class တစ်ခုခုကို မလိုအပ်တော့လို့ ဖျက်ပစ်လိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ Project ဟာ build error တွေ ရှိလာနိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ Database Layer ကို သီးသန့် Class Library project တစ်ခုအနေနဲ့ ခွဲထုတ်လိုက်တာပါပဲ။ ဆိုလိုတာက EF Core က generate လုပ်ပေးတဲ့ DbContext နဲ့ Model class တွေအားလုံးကို အဲ့ဒီ Library အသစ်ထဲမှာပဲ ထားမှာဖြစ်ပါတယ်။ ဒီလိုခွဲထုတ်လိုက်ခြင်းရဲ့ အဓိကကောင်းကျိုးတွေကို အောက်မှာ ရေးပြပါမယ်။
1. Easy Maintenance (ထိန်းသိမ်းရလွယ်ကူခြင်း) ကျွန်တော်တို့ရဲ့ Database schema မှာ အပြောင်းအလဲရှိလို့ scaffolding command ကို ပြန် run ရတဲ့အခါ ပြောင်းလဲမှုတွေအားလုံးဟာ သီးသန့်ခွဲထုတ်ထားတဲ့ Database Library ထဲမှာပဲ ဖြစ်ပေါ်မှာပါ။ ကျွန်တော်တို့ရဲ့ အဓိက Application Project (ဥပမာ - Web API, MVC) ကို လုံးဝထိခိုက်မှုမရှိတော့ပါဘူး။ Database Library တစ်ခုတည်းကိုပဲ update လုပ်ပြီးရင် ကျန်တဲ့ Project တွေက အဲ့ဒီ Library ကို reference လုပ်ပြီး အသုံးပြုရုံပါပဲ။
2. Avoiding Build Errors (Build Error များကို ရှောင်ရှားနိုင်ခြင်း) အရင်ကလို Project တစ်ခုတည်းမှာ ရောထွေးမနေတော့တဲ့အတွက် scaffolding command ကြောင့် ကျွန်တော်တို့ရေးထားတဲ့ custom service တွေ၊ business logic တွေ ပျက်စီးသွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ Database Library မှာ EF Core က generate လုပ်ပေးတဲ့ code တွေသက်သက်ပဲ ရှိသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ custom logic တွေကို အဲ့ဒီ Library ထဲမှာ ရေးသားခြင်းမပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ command ကို ဘယ်နှစ်ခါ run run ကျွန်တော်တို့ရဲ့ main project က build error မတက်တော့မှာ ဖြစ်ပါတယ်။
Note
Database Library မှာ EF Core က generate လုပ်ပေးတဲ့ code တွေပဲ သီးသန့်ရှိနေသင့်ပါတယ်။ ကိုယ်ပိုင် business logic တွေ၊ service တွေကို အဲ့ဒီ Library ထဲမှာ ထပ်ပြီးမရေးသင့်ပါဘူး။
3. Better Project Structure [Separation of Concerns] (ပိုမိုကောင်းမွန်သော Project တည်ဆောက်ပုံ) ဒါဟာ Software Engineering မှာ အလွန်အရေးကြီးတဲ့ "Separation of Concerns" ဆိုတဲ့ Rule နဲ့ ကိုက်ညီပါတယ်။ ကျွန်တော်တို့ရဲ့ project မှာ အလွှာ (Layer) တွေ သေသေချာချာခွဲထားလိုက်တာနဲ့တူပါတယ်။
- Database Layer (ကျွန်တော်တို့ရဲ့ Class Library အသစ်): သူ့ရဲ့အဓိကတာဝန်က Database နဲ့ ဆက်သွယ်ဖို့၊ Data တွေကို ဖတ်ဖို့၊ ရေးဖို့သက်သက်ပါပဲ။
- Application Layer (ကျွန်တော်တို့ရဲ့ Web API/MVC Project): ဒီ Layer ကတော့ business logic တွေ၊ user request တွေကို စီမံခန့်ခွဲဖို့ တာဝန်ယူပါတယ်။ သူက Data လိုအပ်ရင် Database Layer ကို လှမ်းခေါ်သုံးပါမယ်။
ဒီလို Layer တွေခွဲထားတဲ့အတွက် Project ဟာ ပိုပြီးရှင်းလင်းတယ်၊ နားလည်ရလွယ်ကူတယ်၊ အဖွဲ့လိုက်လုပ်ဆောင်တဲ့အခါမှာလည်း အဆင်ပြေစေပါတယ်။